Saturday, September 1, 2007

ပင်လယ်နှစ်ခု နှင့်တူသော လူ နှစ်မျိုး နှစ်စား

ပင်လယ်နှစ်ခု နှင့်တူသော လူ နှစ်မျိုး နှစ်စား

ပါလက်စတိုင်းတွင် ပင်လယ်နှစ်ခုရှိပါတယ်။ ထိုပင်လယ်နှစ်ခုသည်အလွန်ခြားနားပါသည်။
တစ်ခုကို ဂလီလီး ပင်လယ်ဟု ခေါ်ပါသည်။ ထိုပင်လယ်မှာရေကန်ကြီးတစ်ခုဖြစ်ပြီးသောက်
သုံးနိုင်သော ရေကောင်းရေသန့် ဖြင့် ပြည့်နေပါသည်။ ငါးတွေလူတွေ ထိုပင်လယ်ထဲ ကူး
နိုင်ပါတယ်။ စိမ်းလန်းသော လယ်ကွင်းများ ဖြင့် ၀န်းရံထားပြီး ပင်လယ်အနီးတွင်လူများက
နေအိမ်များဆောက်လုပ်ထားပါသသည်။
ရေပေါများသော နောက်ပင်လယ်တခုကို ပင်လယ်သေ ဟုခေါ်ပါသည်။ ထိုပင်လယ်မှာ အ
မည်နှင့်လိုက်အောင် တကယ်သေနေပါသည်။ ထိုပင်လယ်နှင့်ပက်သက်သမျှအားလုံး သေ
နေပါသည်။ရေမှာငန်လွန်းသဖြင့် သောက်ကြည့်လျှင်ပင် ကျန်းမာရေးထိခိုက်နိုင်ပါ သည် ။
ငါးတွေလည်းမနေနိုင် ကမ်းခြေတလျောက် ဘာမှမဖြစ်ထွန်း အပင်ပေါက်ရောက်မှုမရှိ နှစ်
မြို့ စရာမရှိ ပေ ။ ခရီးသွားလျှင်ပင် အတတ်နိုင်ဆုံး သူ့ ကိုရှောင်ကွင်းသွားကြသည်။

ထိုပင်လယ် နှစ်ခု ထူးခြားချက်မှာပင်လယ်နှစ်ခုတွင်းရှိ ရေအားလုံးသည် ဂျော်ဒန် မြစ်တစ်ခု
တည်း မှ စီးဝင်ခြင်းဖြစ်သည်။ ဘာကြောင့် ပင်လယ်နှစ်ခု မတူညီဘဲ ခြားနားနေတာလဲ ?

ဂလီလီး ပင်လယ်သည် ဂျော်ဒန်မြစ်မှ စီးဝင်လာသော ရေများကို လက်ခံပြီး သူသည် ထိုရေ
များကိုသိမ်းဆည်းမထားဘဲ အခြားလူများ သုံးစွဲရန်အတွက် စွန့် လွှတ် ပြီး ဆက်လက်စီးဆင်း
စေပါတယ် ။

ပင်လယ်သေ မှာမူ ဂလီလီး ပင်လယ်လိုမဟုတ် သူ့ ထံစီးဝင်လာသော ဂျော်ဒန်မြစ်မှရေများ
ကို တစ်ကိုယ်ကောင်းဆန်ဆန် သူ့ အတွက်သာ သိမ်းဆည်းထားသည်။ စီးဆင်းမှု မရှိဘဲ
သေနေပါသည်။ သူသည် ယူသာ ယူပြီး စွန့် လွှတ်မှု မရှိပါ။

ပါလက်စတိုင်းတွင် ပင်လယ်နှစ်ခုရှိသလို လူတွင်လည်း နှစ်မျိုးနှစ်စားရှိပါတယ်..........
သင်ဘယ်လို လူစားမျိုးထဲမှာ ပါသလဲ ?

No comments: